ရာသီခွင်တွေကိုကိုယ်စားပြုတဲ့နတ်ဘုရားများ

By Surious (Curious S.O.U.L) ရှေးဒဏ္ဍာရီတွေကနက္ခတ်ဗေဒင်ပညာကိုလေ့လာတဲ့နေရာမှာမပါမဖြစ်ထည့်သွင်းစဉ်းစားရမယ့်အရာတွေပါ။ရာသီခွင်တစ်ခုစီတိုင်းမှာသူတို့ကိုကိုယ်စားပြုတဲ့ဒဏ္ဍာရီလာနတ်ဘုရားတွေကိုယ်စီရှိကြပါတယ်။နက္ခတ်ဗေဒင်ပညာကိုလေ့လာတဲ့နေရာမှာချဉ်းကပ်ပုံချဉ်းကပ်နည်းတွေတစ်ခုထက်မကရှိပါတယ်အများစုကတော့စိတ်ပညာအပေါ်အခြေခံပြီးလေ့လာကြတာပါ။ဒါကအထိရောက်ဆုံးနည်းလမ်းတစ်ခုလို့လည်းမှတ်ယူထားကြပါတယ်။နောက်နည်းလမ်းတစ်ခုကတော့ဒဏ္ဍာရီလာရှေးနတ်ဘုရားတွေရဲ့အခန်းကဏကိုပါထည့်သွင်းစဉ်းစားလေ့လာတာပါ၁၉၅၄ခုနှစ်လောက်မှာစိတ်ပညာနဲ့နက္ခတ်ပညာရှင်ဖြစ်တဲ့ CarlJungကခေတ်သစ်သိပ္ပံပညာနဲ့ရှေးလေ့ထုံးစံတွေကိုချိတ်ဆက်ကြည့်ဖို့ကြိုးစားခဲ့ပါတယ်။ဟာနက္ခတ်ဗေဒဆိုင်ရာဘိုးဘေးဘီဘင်သမိုင်းအစလို့လည်းပြောလို့ရပါတယ်။Jungရဲ့အယူအဆအရကျွန်တော်တို့တွေဟာကျွန်တော်တို့ရဲ့မျိုးရိုးအလိုက်ဘိုးဘေးဘီဘင်တွေဆီကကွဲပြားတဲ့အမူအကျင့်ပုံစံတွေကိုအမွေဆက်ခံသလိုမျိုးပဲဆိုင်ရာနက္ခတ်ဆိုင်ရာဘိုးဘေးတွေဆီကနေလည်းဒီလိုအမူအကျင့်ပုံစံတွေကိုမသိစိတ်အရအမွေဆက်ခံထားပါတယ်။တကယ်ကတော့အမှတ်သ​င်္ကေတတိုင်းဆီမှာနောက်ခံဇာတ်လမ်းတွေရှိသလိုမျိုးရာသီခွင်အမှတ်အသားတစ်ခုစီတိုင်းမှာလည်းနောက်ခံပုံပြင်လေးတွေကိုယ်စီရှိတဲ့သဘောမျိုးပါပဲ။  ကဲကိုယ့်ရာသီခွင်ကိုဘယ်နတ်ဘုရားတွေကကိုယ်စားပြုနေလဲဆိုတာကြည့်လိုက်ကြရအောင်။        Aries…