ရာသီခွင်တွေကိုကိုယ်စားပြုတဲ့နတ်ဘုရားများ

By Surious (Curious S.O.U.L)

ရှေးဒဏ္ဍာရီတွေကနက္ခတ်ဗေဒင်ပညာကိုလေ့လာတဲ့နေရာမှာမပါမဖြစ်ထည့်သွင်းစဉ်းစားရမယ့်အရာတွေပါ။ရာသီခွင်တစ်ခုစီတိုင်းမှာသူတို့ကိုကိုယ်စားပြုတဲ့ဒဏ္ဍာရီလာနတ်ဘုရားတွေကိုယ်စီရှိကြပါတယ်။နက္ခတ်ဗေဒင်ပညာကိုလေ့လာတဲ့နေရာမှာချဉ်းကပ်ပုံချဉ်းကပ်နည်းတွေတစ်ခုထက်မကရှိပါတယ်အများစုကတော့စိတ်ပညာအပေါ်အခြေခံပြီးလေ့လာကြတာပါ။ဒါကအထိရောက်ဆုံးနည်းလမ်းတစ်ခုလို့လည်းမှတ်ယူထားကြပါတယ်။နောက်နည်းလမ်းတစ်ခုကတော့ဒဏ္ဍာရီလာရှေးနတ်ဘုရားတွေရဲ့အခန်းကဏကိုပါထည့်သွင်းစဉ်းစားလေ့လာတာပါ၁၉၅၄ခုနှစ်လောက်မှာစိတ်ပညာနဲ့နက္ခတ်ပညာရှင်ဖြစ်တဲ့ CarlJungကခေတ်သစ်သိပ္ပံပညာနဲ့ရှေးလေ့ထုံးစံတွေကိုချိတ်ဆက်ကြည့်ဖို့ကြိုးစားခဲ့ပါတယ်။ဟာနက္ခတ်ဗေဒဆိုင်ရာဘိုးဘေးဘီဘင်သမိုင်းအစလို့လည်းပြောလို့ရပါတယ်။Jungရဲ့အယူအဆအရကျွန်တော်တို့တွေဟာကျွန်တော်တို့ရဲ့မျိုးရိုးအလိုက်ဘိုးဘေးဘီဘင်တွေဆီကကွဲပြားတဲ့အမူအကျင့်ပုံစံတွေကိုအမွေဆက်ခံသလိုမျိုးပဲဆိုင်ရာနက္ခတ်ဆိုင်ရာဘိုးဘေးတွေဆီကနေလည်းဒီလိုအမူအကျင့်ပုံစံတွေကိုမသိစိတ်အရအမွေဆက်ခံထားပါတယ်။တကယ်ကတော့အမှတ်သ​င်္ကေတတိုင်းဆီမှာနောက်ခံဇာတ်လမ်းတွေရှိသလိုမျိုးရာသီခွင်အမှတ်အသားတစ်ခုစီတိုင်းမှာလည်းနောက်ခံပုံပြင်လေးတွေကိုယ်စီရှိတဲ့သဘောမျိုးပါပဲ။  ကဲကိုယ့်ရာသီခွင်ကိုဘယ်နတ်ဘုရားတွေကကိုယ်စားပြုနေလဲဆိုတာကြည့်လိုက်ကြရအောင်။       

Aries : Ares, God Of War

ဂရိဒဏ္ဍာရီမှာAresဟာZeusနတ်မင်းကြီးနဲ့နတ်ဘုရားမHeraတို့ရဲ့သားတော်ဖြစ်ပါတယ်။   စစ်နတ်ဘုရားဆိုတဲ့အတိုင်းသူဟာရက်စက်ကြမ်းကြုတ်မှုနဲ့ စစ်ရဲ့ အင်္ဂါရပ်တွေကို ကိုယ်စားပြုပါတယ် ။တစ်ချို့အဆိုအရသူဟာအချစ်နဲ့အလှနတ်ဘုရားမAphroditeရဲ့တိတ်တိတ်ပုန်းချစ်သူဖြစ်ပြီးသူမရဲ့ ကြင်ယာတော်ဖြစ်သူဖြစ်သူHephaestuကဒီအကြောင်းသိသွားချိန်မှာတော့Aresဟာတရားစီရင်ခြင်းခံခဲ့ရပါတယ်။   

Taurus: Aphrodite, Goddess Of Love And Beauty

Uranusနတ်မင်းကြီးရဲ့အင်္ဂါဇာတ်ကိုသားဖြစ်သူCronusကပင်လယ်ထဲပစ်လိုက်တဲ့အခါထွက်ပေါ်လာတဲ့အဖြူရောင်ရေမြှပ်‌ကနေနတ်ဘုရားမAphroditeကိုမွေးဖွားစေခဲ့ပါတယ်။အလှနတ်ဘုရားမဆိုတဲ့အတိုင်းသူမရဲ့အလှအပကြောင့်နတ်ဘုရားတွအချင်းချင်းယှဉ်ပြိုင်မှုတွေတောင်ဖြစ်စေခဲ့ပါတယ်။Taurusကိုအချစ်အလှအနဲ့ စိတ်အေးချမ်းသာခြင်းကိုကိုယ်စားပြုတဲ့Venusဂြိုဟ်ကလွှမ်းမိုးပါတယ်။ဒါကြောင့်ဒီရာသီခွင်မှာမွေးဖွားတဲ့သူတွေကထူးကဲကောင်းမွန်တဲ့ရုပ်အဆင်းရှိပြီးအချစ်ရေးကံကောင်းကာသာယာပျော်မွေ့တဲ့ဘဝကိုပိုင်ဆိုင်ရလေ့ရှိတတ်တာအံ့သြစရာတော့မရှိဘူးပေါ့။

Gemini: Athena, Goddess Of Wisdom And Military Victory

နတ်ဘုရားမAthenaဟာဉာဏ်ပညာရဲစွမ်းသတိလှုံ့ဆော်နိုင်စွမ်းသချာပညာခွန်အားနည်းဗျူဟာတို့ကိုကိုယ်စားပြုပါတယ်။တစ်ချို့တွေကတော့သူမဟာZeusနတ်မင်းကြီးအလွန်အမင်းခေါင်းကိုက်ပြီးတဲ့နောက် နတ်မင်းကြီးရဲ့နဖူးကနေထွက်ရောက်လာပြီးမွေးဖွားခဲ့တယ်လို့ဆိုပါတယ်။ဒီရာသီခွင်မှာမွေးဖွားသူတွေဟာမနားမနေတွေးခေါ်နေတတ်ကြပြီးလူတွေနဲ့ပက်သက်ပြီးလည်းမယုံနိုင်စရာကောင်းလောက်အောင်နောကြေနေတတ်ကြပါတယ်။

Cancer: Artemis, Goddess Of The Moon And Wilderness

Artemisကလည်းZeusနတ်မင်းကြီးရဲ့သမီးတော်တစ်ပါးဖြစ်ပါတယ်။သူမဟာလ၊အမဲလိုက်ခြင်းနဲ့ အပျိုစင်ဘ၀ကိုကိုယ်စားပြုတဲ့နတ်ဘုရားမဖြစ်ပြီးကလေးငယ်တွေရဲ့စောင့်ရှောက်သူအမျိုးသမီးတွေရဲ့ ကုစားသူကယ်တင်ရှင်တစ်ဉီးလည်းဖြစ်ပါတယ်။သူမကိုတော့လေးနဲ့မြှားကိုကိုင်ထားတဲ့အမဲလိုက်သူတစ်ဉီးအဖြစ်သရုပ်ဖော်ထားပါတယ်။လကလွှမ်းမိုးထားတဲ့ရာသီခွင်ဖြစ်တဲ့အတွက်Cancerဟာရာသီခွင်တွေအားလုံးရဲ့ပြုစုပျိုးထောင်သူစောင့်ရှောက်သူရာသီခွင်တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီရာသီခွင်မှာမွေးဖွားသူတစ်ချို့ဟာဘိုးဘေဘီဘင်တွေဆီကနေအနာရောဂါကုသနိုင်တဲ့အစွမ်းကိုဆက်ခံရလေ့ရှိပါတယ်။

Leo: Apollo, God Of The Sun And The Light

Apolloဟာ နေမင်း အလင်းရောင်ဂီတနဲ့ဉာဏ်ပညာတို့ကို ကိုယ်စားပြုတဲ့နတ်ဘုရားဖြစ်ပြီးဒဏ္ဍာရီအရ Apolloဟာအိုလံပစ်တောင်မှာရွှေချထားတဲ့စောင်းကိုတီးပြပြီးဖျော်ဖြေလေ့ရှိပါတယ်ဒါကြောင့်ApolloလိုပဲLeoဟာရာသီခွင်တွေရဲ့ဖျော်ဖြေတင်ဆက်သူရာသီခွင်ဖြစ်ပါတယ်။နေမင်းကလွှမ်းမိုးထားတဲ့ရာဟီခွင်ဖြစ်တဲ့အတွက်ဒီရာသီခွင်မှာမွေးဖွားသူတွေဟာနွေးထွေးတတ်သောချစ်တတ်သောဩဇာတိက္ကမနှင့်ပြည့်စုံသောသူတွေဖြစ်ကြပါတယ်။

Virgo: Demeter, Goddess Of Grain And Agriculture

နတ်ဘုရားမDemeterဟာကောက်ရိတ်သိမ်းခြင်းနဲ့ကမ္ဘာမြေထုရဲ့မြေသြဇာတို့ကိုကိုယ်စားပြုပြီး ရှေးအစဉ်အလာစကားအရသူမဟာလူသားမျိုးနွယ်တို့ကိုအစေ့အဆံစိုက်ပျိုးခြင်းအတတ်ပညာနဲ့ပြသခဲ့သူလို့ဆိုကြပါတယ်။ရှေးအနုပညာလက်ရာတွေမှာသူမကိုပြောင်းဖူးစေ့တို့နားနှစ်ဖက်မှာတွဲလောင်းချထားတဲ့ပန်းခွေကို၀တ်ဆင်တဲ့သူအဖြစ်သရုပ်ဖော်ထားပါတယ်။နတ်ဘုရားမDemeterကVirgoတွေရဲ့မျိုးအောင်ခြင်းကိုကိုယ်စားပြုနေတဲ့နတ်ဘုရားမတစ်ပါးဖြစ်ပါတယ်။

Libra: Hera, Goddess Of Women And Marriage

အိုလံပစ်နတ်ဘုရားတွေရဲ့ဘုရင်မတစ်ပါးဖြစ်တဲ့Heraဟာလက်ထပ်ထိမ်းမြားခြင်းနဲ့မွေးဖွားခြင်းတို့ကိုကိုယ်စားပြုတဲ့နတ်ဘုရားမတစ်ပါးဖြစ်ပါတယ်။သူမဟာZeusနတ်မင်းရဲ့ကြင်ယာတော်ဖြစ်ပြီးတစ်ချို့အဆိုအရသူမဟာမနာလို၀န်တိုစိတ်ကြီးမားကာZeusနတ်မင်းရဲ့ပွေရှုပ်မှုနဲ့ပက်သက်ပြီးZeusနဲ့မကြာခဏဆိုသလိုရန်ဖြစ်ရလေ့ရှိပါတယ်။LibraတွေလိုပဲHeraဟာတရားမျှတမှုဆက်ဆံရေးတွေကိုကိုယ်စားပြုပါတယ်။ဒီရာသီခွင်မှာမွေးဖွားသူတွေဟာလည်းဆွဲဆောင်မှုရှိသူတွေဖြစ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့Libraရာသီခွင်ကိုအချစ်နဲ့အလှအပကိုကိုယ်စားပြုတဲ့ Venusဂြိုဟ်ကလွှမ်းမိုးထားလို့ပါ။

Scorpio: Kali, Goddess of Death And Sexuality

KaliဟာHinduဘာသာမှာခက်ခဲနက်နဲတဲ့နတ်ဘုရားတွေထဲကတစ်ပါးဖြစ်ပါတယ်။သူမဟာ တစ်စုံတစ်ယောက်ရဲ့အတ္တကိုလွှမ်းမိုးနိုင်ပြီးသေဆုံးခြင်းနဲ့ဖိုမဆက်ယှက်မှုတို့ရဲ့နတ်ဘုရားမအဖြစ်သိကြပါတယ်။ထို့ကြောင့်Scorpioရာသီခွင်မှာမွေးဖွားသူတွေဟာလွှမ်းမိုးနိုင်စွမ်းအားကောင်းပြီးဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်နိုင်စွမ်းလည်းအလွန်ကြီးမားတယ်လို့ဆိုကြပါတယ်။

Sagittarius: Zeus, God Of The Sky And Thunder

Sagittariusကိုကိုယ်စားပြုတဲ့နတ်ဘုရားကတော့နတ်မင်းကြီးZeusဖြစ်ပါတယ်။ Zeusနတ်ဘုရားကတော့ကောင်းကင်နဲ့မိုးကြိုးကိုကိုယ်စားပြုတဲ့နတ်ဘုရားဖြစ်ပြီး နတ်ဘုရားတွေကိုအုပ်ချုပ်တဲ့ဘုရင်တစ်ပါးလည်းဖြစ်ပါတယ်သူဟာကျမ်းသစာတွေကို ထိန်းသိမ်းရတဲ့နတ်ဘုရားဖြစ်တဲ့အတွက်လူလိမ်‌ေတွကိုဖော်ထုတ်ပေးနိုင်တယ်လို့လည်းဆိုကြပါတယ်။Sagittariusကိုလည်းအမှန်တရားနဲ့ပေါများကြွယ်၀မှုတို့ကိုကိုယ်စားပြုတဲ့Jupiterဂြိုဟ်ကလွှမ်းမိုးထားပါတယ်။Sagittariusရာသီခွင်သကေတကလည်းZeusနတ်ဘုရားကိုင်ဆောင်တဲ့မြှားနဲ့တစ်ထပ်တည်းကျနေပါတယ်။

Capricorn: Persephone, Goddess Of Harvest And Queen Of The Underworld

နတ်ဘုရားမPersephoneနတ်ဘုရားမDemeterရဲ့သမီးတော်ဖြစ်ပြီးမြေအောက်ကမ္ဘာကိုကြီးစိုးတဲ့နတ်ဘုရားတစ်ပါးဖြစ်ပါတယ်။သူမကိုပုံဖော်တဲ့နေရာမှာတော့လက်တစ်ဖက်ကကောက်နှံစည်းများကိုင်ဆောင်ထားပြီးကျန်တစ်ဖက်ကရဲရဲတောက်နေတဲ့မီးတုတ်ကိုကိုင်ဆောင်ထားတဲ့ငယ်ရွယ်နုပျိုတဲ့နတ်ဘုရားမတစ်ပါးအဖြစ်သရုပ်ဖော်ထားပါတယ်။Capricornရာသီခွင်ကအလင်းနဲ့အမှောင်ကိုကိုယ်စားပြုသလိုမျိုးပဲPersephoneကလည်းယင်းတို့ကိုကိုယ်စားပြုပါတယ်။မြေအောက်ကမ္ဘာရဲ့ဘုရင်ဖြစ်သူHadesကသူမကိုချစ်ကျွမ်း၀င်ပြီးမြေအောက်ကမ္ဘာကိုခေါ်ဆောင်သွားတဲ့အတွက်သူမဟာမြေအောက်ကမ္ဘာကိုကြီးစိုးတဲ့နတ်ဘုရားမဖြစ်လာပါတယ်။မြေအောက်ကမ္ဘာဟာအေးစက်တဲ့ဆောင်းရာသီနဲ့မှောင်မိုက်ခြင်းတို့ကိုကိုယ်စားပြုနေတဲ့အတွက်ကြောင့်သူမဟာCapricornရာသီခွင်ရဲ့ကိုယ်စားပြုသူနတ်ဘုရားမဖြစ်နေတာမဆန်းပါဘူး။

AQUARIUS: PROMETHEUS, GOD OF FORETHOUGHT AND MANKIND

Prometheusဟာဉာဏ်အမြော်အမြင်ကိုကိုယ်စားပြုတဲ့နတ်ဘုရားတစ်ပါးဖြစ်ပြီးပါးနပ်တဲ့အကြံပေးနတ်ဘုရားလို့လည်းသိကြပါတယ်။သူဟာရွှံ့စေးကနေလူသားမျိုးနွယ်ကိုပုံဖော်ဖို့တာ၀န်ပေးအပ်ခြင်းခံခဲ့ရတဲ့နတ်ဘုရားလို့လည်ဒဏ္ဍာရီအယူရှိပါတယ်။AquariusရာသီဖွားတွေလိုမျိုးပဲPrometheusကပုန်ကန်လိုစိတ်ရှိသူတစ်ဉီးလည်းဖြစ်ပါတယ်။သူရဲ့စွမ်းပကားတွေနဲ့ပရမ်းပတာဖြစ်ခြင်းတို့ဟာPrometheus ကိုအုပ်ချုပ်သူဂြိုဟ်ဖြစ်တဲ့ Uranusရဲ့ဂုဏ်သတ္တိတွေနဲ့တူညီနေပါတယ်။

PISCES: ISTHAR, GODDNESS OF FERTILITY AND UNIVERSAL LOVE

နတ်ဘုရားမတစ်ပါးဖြစ်တဲ့Ishtarကိုမူလကမျိုးအောင်ခြင်းနဲ့ဆိုင်တဲ့နတ်ဘုရားမလို့သိကြပေမယ့်နောက်ပိုင်းမှာ၀ိရောဓိဖြစ်ဖွယ်ရာစွမ်းပကားတွေနဲ့အတူသူမရဲ့၀ိသေသလက္ခဏာဟာပိုမိုရှုပ်ထွေးလာပါတယ်။သူမရဲ့စွမ်းအားတွေဟာပြောင်းလဲနေတတ်ပြိးရှေ့နောက်မညီဒွိဟဖြစ်နေတတ်ပါတယ်။Piscesရာသီဖွားတွေလိုပဲသူမဟာရှုပ်ထွေးနက်နဲပြီးဘယ်နေရာရာရောက်ရောက်အပေါင်းအသင်းဆံ့တတ်သူတစ်ဉီးလည်းဖြစ်ပါတယ်။

စာကြွင်း -ကောင်းနိုးရာရာစုစည်းဘာသာပြန်ပြီးကောက်နုတ်ရေးသားထားခြင်းဖြစ်ပါသည်။

ရေးသားသူ

Surious (Curious S.O.U.L)

28/7/2020

Leave a Reply

Your email address will not be published. Required fields are marked *