ကျွန်တော်တို့ မသင်ခဲ့ဖူးသော စိတ်ဝင်စားဖွယ်ရာသမိုင်းအချို့(အပိုင်း ၁)

by Surious (Curious S.O.U.L)

၁။နတ်ဘုရားသဖွယ်ကိုးကွယ်ခံခဲ့ရတဲ့ ကြက်ဆင်များ

ကြက်ဆင်တွေကို အထူးသဖြင့် လက်ရှိအမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ပွဲတော်တွေကျင်းပတဲ့အခါ မပါမဖြစ်အစားအစာတစ်ခုအနေနဲ့ အသုံးပြုလျက်ရှိနေပါတယ် ။သို့သော် BC 300 လောက်တုန်းကတော့ သူတို့ဟာ အစားအစာတစ်ခုဆိုတာထက် အများကြီးပိုပြီးအရေးပါခဲ့ပါတယ်။မာယာလူမျိုးတွေက သူတို့ကို ခွန်အားကြီးမားမှုသြဇာကြီးမားမှုတို့ရဲ့ အမှတ်သင်္ကေတအနေနဲ့ သတ်မှတ်ခဲ့ကြပြီး ဘာသာရေးပွဲတော်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါ၀င်ပေးခဲ့ရတာပါ။ ယနေ့ခတ်လို

အစားအသောက်တစ်ခုအနေနဲ့တော့ မဟုတ်ဘူးပေါ့။ဘာကြောင့်လဲဆိုတော့ မာယာလူမျိုးတွေက သူတို့တွေကို နတ်ဘုရားတွေရဲ့ သံတမန်အဖြစ် မှတ်ယူကိုးကွယ်ခဲ့ကြလို့ပါ။

၂။အနုသုခုမပညာရပ်တွေအတွက်လည်း ဆုချီးမြင့်ခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲများ

Shutterlock

၁၉၁၂ ကနေ ၁၉၄၈ လောက်အထိအိုလံပစ်ပြိုင်ပွဲတွေဟာအားကစားသာမက အနုသုခုမအတတ်ပညာတွေအတွက်လည်းဖြစ်ခဲ့ပါတယ်။ဆုတံဆိပ်တွေကို စာပေ ဂီတ ဗိသုကာ ပန်းပု ပန်းချီ စတဲ့ နယ်ပယ်တွေနဲ့ ဆိုင်တဲ့ ဖန်တီးမှုတွေအတွက် ချီးမြင့်ခဲ့တာပါ။ ခေတ်သစ် အိုလံပစ်ပြိုင်ပွဲတွေမှာတော့ ဒီကဏ္ဍကို ဖယ်ရှားလိုက်ပြီး အားကစားပြိုင်ပွဲတွေသပ်သပ်အနေနဲ့ပဲ ကျင်းပကြတော့တာပါ။ ဒီလိုမဖယ်ရှားခင်အချိန်အထိ အနုသုခုမနဲ့ဆိုင်တဲ့ဆုတံဆိပ်ပေါင်း ၁၅၁ ခုအထိ ချီးမြှင့်ခဲ့ပါသေးတယ်။ခေတ်သစ် အိုလံပစ်ပြိုင်ပွဲတွေရဲ့ တည်ခောင်သူတစ်ဉီးဖြစ်တဲ့ Pierre de Frédy ကတော့ ရှေးခေတ်ဂရိ လူမျိူးတွေဟာ  အိုလံပစ်ပြိုင်ပွဲအတွင်း အနုပညာပွဲတော်တွေကိုပါ ထည့်သွင်းကျင်းပခဲ့လေ့ရှိတဲ့အတွက် ဒီအနုသုခုမပညာနဲ့ပက်သက်ပြီး ပြန်လည်ထည့်သွင်းဖို့ လိုပြီလို့ ဆိုထားပါတယ်။

၃။ယုန်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ ပြင်သစ်ဘုရင် နပိုလီယံဘိုနာပတ်

Shutterlock

တစ်ခေတ်တစ်ခါကဖိန့်ဖိန့်တုန်အောင် နာမည်ကြီးလှတဲ့ ပြင်သစ်ဘုရင် နပိုလီယံ ဘိုနာပတ်ဟာ ယုန်တွေရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်တဲ့။ တစ်နေ့မှာ ဘုရင်မင်းမြတ်ဟာ သူနဲ့နောက်လိုက်နောက်သားတွေအတွက် ယုန်အမဲလိုက်ပွဲတစ်ခု စီစဉ်ခိုင်းခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဗိုလ်ချုပ်က ဒီအခမ်းအနားအတွက် ယုန် ၃၀၀၀ လောက်ကို လိုက်လံစုဆောင်းစေခဲ့ပါတယ် အစီအစဉ်အရတော့ ဖမ်းထားတဲ့ အဲဒီယုန်တွေကို လှောင်ချိုင့်ထဲက စေလွှတ်ပြီး ဘုရင်နဲ့ အပေါင်းအပါတွေက အမဲလိုက်ကြဖို့ပေါ့။ဒါပေမယ့် ယုန်တွေက ထွက်ပြေးရမယ့်အစား နပိုလီယံနဲ့အပေါင်းအပါတွေဆီတည့်တည့်ပြေးသွားပြီး အပြင်းအထန်တိုက်ခိုက်ခဲ့ကြတော့တာပါပဲ။ အရှိန်အဝါကြီးမားလှတဲ့ ပြင်သစ်ဘုရင်ကြီး အတော်လေးလန့်ဖျန့်သွားမှာကိုတွေးမြင်မိပါရဲ့။ဒါကတော့ ကျွန်တော်တို့မသင်ခဲ့ရတဲ့သမိုင်းပေါ့။ကျွန်တော်တို့ သင်ခဲ့ရတဲ့ သမိုင်းမှာတော့ နပိုလီယံ အတွက် အကြီးမားဆုံးသော ကျရှုံးမှုက ဝါတာလူးစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ခြင်းပေါ့ဗျာ….

၄။အရက်သေစာတွေမှာ အဆိပ်ခတ်ခဲ့တဲ့ အမေရိကန်အစိုးရ

Image by Wekimedia Common

၁၉၂၀ ကနေ ၁၉၃၀ ကာလတွေအတွင်း အမေရိကန်ပြည်ထောင်စုမှာ အရက်ချက်လုပ်ရောင်းချမှုနဲ့သောက်စားမှုကို ပိတ်ပင်ထားပါတယ်။သို့သော်လည်း အရက်သေစာဆက်လက်သောက်သုံးသူတွေရော အရက်ပုန်းချက်လုပ်ပြီး ခိုးဝှက်ရောင်းချသူတွေ အများအပြား ဆက်ရှိနေခဲ့တဲ့အတွက် အစိုးရကစီမံချက်တစ်ရပ်ကို ချမှတ်ခဲ့ပါတယ်။အဲဒါကတော့ အဆိပ်ခတ်မယ့် စီမံချက်ပါ။ မှောင်ခိုချက်လုပ်‌ရောင်းချနေတဲ့ အရက်စက်ရုံတွေကို အရက်တွေထဲ အဆိပ်ထည့်ဖို့ ဖက်ဒရယ်အစိုးရကအမိန့်ပေးခဲ့ပါတယ်။ ၁၉၃၃ မှာ အရက်သေစာသောက်စားမှုကို တားမြစ်တဲ့ဥပဒေကို ပြန်လည် မရုပ်သိမ်းခင်အထိ ဒီလိုအဆိပ်ခတ်တဲ့ဖက်ဒရယ် စီမံချက်ကြောင့်အသက်ဆုံးရှုံးခဲ့ရသူပေါင်း အနည်းဆုံး ၁၀၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

၅။ခက်ရင်းအသုံးပြုခြင်းဟာ ဘာသာရေးကို စော်ကားတဲ့ အပြုအမူတစ်ခု ဖြစ်ခဲ့ခြင်း

Shutterstock

ယနေ့ခေတ်မှာ ခက်ရင်းတွေကို စားသောက်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပါတယ်။ သို့သော် တစ်ချိန်တုန်းကတော့ ဒါီလိုခက်ရင်းအသုံးပြုခြင်းကို ဘာသာရေးဆိုင်ရာစော်ကားမှုတစ်ရပ်အနေနဲ့ မှတ်ယူခဲ့ကြပါတယ်။ ခက်ရင်းတွေကို အီတလီနိုင်ငံမှာ ၁၁ ရာစုတုန်းက စတင်အသုံးပြုခဲ့ကြတာပါ။ အီတလီရဲ့ နာမည်ကြီးအစားအစာဖြစ်တဲ့ စပါကတီ ခေါက်ဆွဲ စားတဲ့အခါ ခေါက်ဆွဲကို ခက်ရင်းခွနဲ့ ရစ်ပတ်ရတာ လွယ်ကူအဆင်ပြေတဲ့ အတွက်အသုံးပြုခဲ့ကြခြင်းဖြစ်ပါတယ်။ ဒါပေမယ့်  ဘာသာရေးအယူအဆအရ ဒီလိုလုပ်ရပ်ဟာ ဘုရားသခင်ကို စော်ကားတာနဲ့တူတယ်လို့ မှတ်ယူခဲ့ကြပါတယ်။ ဘာကြောင့်လဲလို့သင်မေးနေပြီမလား အကြောင်းပြချက်ကတော့ ခက်ရင်းတွေက ဘုရားသခင်အလိုတော်အရ သဘာ၀ကဖန်ဆင်းထားတာမျိုးမဟုတ်ပဲ လူလုပ် လက်အတုလိုမျိုးဖြစ်နေလို့ပါတဲ့။

၆။ကြောင်တွေကို စစ်ကြေညာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ‌‌Gregory IV

Image via Wikimedia Commons

၁၃ ရာစုလောက်မှာ ပုပ်ရဟန်းမင်းကြီး‌‌Gregory IV ဟာ ကြောင်တွေကို စစ်ကြေညာခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ အနက်ရောင်ရှိတဲ့ကြောင်တွေဟာ နတ်ဆိုးစေတန်ရဲ့ လက်နက်တွေဖြစ်နေလို့ပါတဲ့။ ဒါ ကြောင့်၄င်းရဲ့ ယုံကြည်ချက်အတိုင်း ဉရောပတစ်ခွင်မှာ ရှိတဲ့ ကြောင်မျိုးစိတ်မှန်သမျှကို မျိုးတုန်းသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ နတ်ဆိုးရဲ့ လက်နက်တွေကို ချေမှုန်းခြင်းအားဖြင့် ကံကောင်းခြင်းတွေ ဆောင်ကြဉ်းလာမယ်လို့ ယူဆခဲ့ဟန်တူပါတယ်။ သို့သော် သူ့အစီအစဉ်ရဲ့ အကျိုးဆက်ကတော့ သူ့ယူဆချက်နဲ့ လုံး၀ပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ ကြောင်မရှိကြွက်ထဆိုသလို ကြောင်တွေမျိုးတုန်းကုန်တော့ ကြွက်အရေအတွက်က ပိုပိုပြီးတိုးလာခဲ့တော့တာပါပဲ။ ပိုဆိုးတာက ပလိပ်ရောဂါ ကိုသယ်ဆောင်ထားတဲ့ကြွက်တွေပါအများအပြားထွက်ပေါ်လာတော့တာပါပဲ။

စာကြွင်း -ကောင်းနိုးရာရာစုစည်းဘာသာပြန်ပြီးကောက်နုတ်ရေးသားထားခြင်းဖြစ်ပါသည်။

ရေးသားသူ

Surious (Curious S.O.U.L)

26/7/2020

Leave a Reply

Your email address will not be published. Required fields are marked *